သစတြေးလျနိုင်ငံ၌

ဩစတြေးလျနိုင်ငံသည် ၎င်း၏ နယ်စပ်ဒေသ ကာကွယ်ရေးကို အခိုင်အမာ တိုးမြှင့်ဆောင်ရွက်ထားသည်။ ဩစတြေးလျနိုင်ငံသို့ လှေဖြင့် တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသူမှန်သမျှကို ထောက်လှမ်း၍ ကြားဖြတ်ဟန့်တားပြီး မဖြစ်မနေ နောက်ကြောင်းပြန်ပို့ပါမည်။

တရားမဝင် ပင်လယ်ရေကြောင်းမှ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားဆီးရန် ဩစတြေးလျနိုင်ငံ၏ နယ်စပ်ဒေသများကို ပိတ်ဆို့ထားသည်။

ဩစတြေးလျနိုင်ငံသည် လူမှောင်ခိုတင်သွင်းခြင်းကို တိုက်ဖျက်ရန်၊ ဩစတြေးလျနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခြင်းကို တားမြစ်ရန်နှင့် လူများကို မှောင်ခိုတင်ဆောင်လာသော လှေများကို စီးနင်း၍ ဘေးကင်းလုံခြုံမှု မရှိသော ရေကြောင်းခရီးဖြင့် နိုင်ငံတွင်း ဝင်ရောက်ရန် ကြိုးပမ်းသူများကို ဟန့်တားရန် တင်းကျပ်သော နယ်စပ်ဒေသ ကာကွယ်ရေး မူဝါဒများကို သတ်မှတ်ထားရှိပါသည်။

လူများကို မှောင်ခိုတင်ဆောင်လာသော လှေများကို ဘေးကင်းရာနေရာသို့ နောက်ကြောင်းပြန်ပို့ရန်မှာ ဩစတြေးလျနိုင်ငံ၏ မူဝါဒဖြစ်သည်။

ဩစတြေးလျနိုင်ငံသို့ လှေဖြင့် တရားမဝင် ဝင်ရောက်ရန် ကြိုးစားသော မည်သူမဆို ဩစတြေးလျနိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ပြုမည်မဟုတ်ပါ။

ကံမကောင်းစွာဖြင့်ပင် လူများစွာတို့သည် မှားယွင်းသော လမ်းကြောင်းမှတစ်ဆင့် ဩစတြေးလျနိုင်ငံသို့ ဝင်ရောက်ဖို့ ကြိုးပမ်းရန် ၎င်းတို့၏ ငွေများကို ဖြုန်းတီး၍ အသက်စွန့်နေကြဆဲဖြစ်သည်။

ဩစတြေးလျ နယ်စပ်ဒေသများကို ကာကွယ်ရန်နှင့် လူမှောင်ခိုတင်သွင်းခြင်းကို တိုက်ဖျက်ရန်မှာ ဩစတြေးလျ အစိုးရ၏ တာဝန်ဖြစ်သည်သာမက ပြည်သူတိုင်းက ပါဝင်ဆောင်ရွက်ရမည့် တာဝန်တစ်ရပ်လည်း ဖြစ်ပေသည်။

သင့်အနေဖြင့် သင့်ရပ်ရွာဒေသအတွင်းရှိ လူများ သို့မဟုတ် နိုင်ငံရပ်ခြားတွင် နေထိုင်လျက်ရှိသော မိတ်ဆွေများနှင့် မိသားစုများအား ဩစတြေးလျနိုင်ငံ၏ ခိုင်မာအားကောင်းသော နယ်စပ်ဒေသ ကာကွယ်ရေး မူဝါဒများကို ပြောပြခြင်းဖြင့် ကူညီပေးနိုင်ပါသည်။

  • ဩစတြေးလျ ဗီဇာဖြင့် မှန်ကန်သော လမ်းကြောင်းမှ ဩစတြေးလျနိုင်ငံသို့ လာရောက်ရန် အခြားသူများကို တိုက်တွန်းပါ။
  • ဩစတြေးလျနိုင်ငံသို့ လှေစီး၍ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခြင်းသည် အလွန်အန္တရာယ်များပြီး အချိန်နှင့် ငွေကို ဖြုန်းတီးရာရောက်ကြောင်း ရှင်းပြပါ။
  • လူမှောင်ခိုတင်သွင်းမှုများ လုပ်ဆောင်သည့် လူများအား နယ်စပ်ဒေသ စောင့်ကြည့်ရေး ဖုန်းနံပါတ် 1800 009 623 သို့ တိုင်ကြားပါ။ အမည်မဖော်ဘဲ တိုင်ကြားမှုများ ပြုလုပ်နိုင်ပါသည်။

သြစတြေးလျနိုင်ငံ၏ နယ်စပ်များကို တရားမဝင် ရွှေ့ပြောင်းလာမှုအတွက်ပိတ်မြဲပိတ်ထားပါသည်။

ကျွန်တော်ဟာ ဗိုလ်ချုပ် ကရိတ် ဖါရင်နီဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်စိုးသော နယ်နိမိတ် စီမံချက် တပ်မှူးအသစ်အဖြစ် သြစတြေးလျနိုင်ငံကို လှေနဲ့ တရားမဝင် ခရီးထွက်လာဖို့စဉ်းစားနေတဲ့ ဘယ်သူမဆိုအတွက် ကျွန်တော့မှာ အမှာသတင်းရိုးရိုးလေး ရှိပါတယ်။ ကျွန်တော့ရဲ့ ကွပ်ကဲမှုအောက်မှာ သြစတြေးလျနိုင်ငံရဲ့ နယ်နိမိတ်တွေကို တရားမဝင် ရွှေ့ပြောင်းလာမဲ့သူတွေအတွက် ပိတ်မြဲပိတ်ထားပါမယ်။ တကယ်လို့ သင်ဟာ သြစတြေးလျနိုင်ငံကို လှေနဲ့ တရားမဝင် လာမယ်ဆိုရင်၊ သင့်ကို တားဆီးပါမယ်၊ ပြီးတော့ သင် ထွက်ခွာလာတဲ့ နိုင်ငံ ဒါမှမဟုတ် သင့် မိခင်နိုင်ငံကို ပြန်ပို့ပါမယ်။ သြစတြေးလျနိုင်ငံဟာ မိမိရဲ့ နယ်စပ်တွေကို အကာအကွယ်ပေးဖို့နှင့် ပင်လယ်တွင်း သေဆုံးမှုတွေကို တားဆီးဖို့ အလေးအနက်ထားပါတယ်။ အဲဒါဟာ ပြောင်းလဲမှာ မဟုတ်ပါဘူး။ သြစတြေးလျနိုင်ငံရဲ့ နယ်စပ်တွေကို တစ်နှစ်ပတ်လုံး နေ့တိုင်း စောင့်ကြပ်၊ ကင်းလှည့်ပြီး အကာအကွယ်ပေးထားပါတယ်၊ ပြီးတော့ ကျွန်တော်တို့ရဲ့ နယ်စပ်ကာကွယ်ရေး တပ်ဖွဲ့တွေဟာ ယခင်ရှိဖူးတာထက်ပိုပြီး အင်အားတောင့်တင်းလျက်ရှိပါတယ်။

သြစတြေလျ နယ်စပ်ဒေသကို ခိုင်မာအောင်ပြုလုပ်ထားပါတယ်။

သြစတြေလျ နယ်စပ်ဒေသကို ခိုင်မာအောင်ပြုလုပ်ထားပါတယ်။

ဩစတြေးလျားနိုင်ငံ အစိုးရ၏ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ် စစ်ဆင်ရေး စတင်သည့်နေ့မှစပြီး ငါးနှစ်တာ ကာလအတွင်းမှာ ကျွန်ုပ်တို့ဟာ လှေများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး ဩစတြေးလျားနိုင်ငံသို့ တရားမဝင် လူ ခိုးသွင်း တဲ့ ခြိမ်းခြောက်မှုကို နှိမ်နင်းခဲ့ပါတယ်။.

ဩစတြေးလျားနိုင်ငံ အာဏာပိုင်များဟာ လှေ ၃၃ စီးကို ကြားဖြတ်ထိပ်တိုက်တွေ့ပြီး လူပေါင်း ၈၂၇ ယောက်ကို သူတို့ထွက်ခွာလာရာနေရာသို့ ပြန်စေသည်သာမကဘဲ ဒေသအတွင်းမှ ကျွန်ုပ်တို့၏ မိတ်ဘက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး လူခိုးသွင်းသည့် စွန့်စားမှုပေါင်း ၇၀ ကျော်ကိုလည်း သူတို့ထွက်ခွာမလာမီအချိန်မှာ ပျက်ပြားအောင် လုပ်ခဲ့ပါတယ်။.

ရေကြောင်းခရီးမှ တရားမဝင် လူခိုးသွင်းခြင်းဟာ ဩစတြေးလျားနိုင်ငံ နယ်နိမိတ်များရဲ့ ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံရေးတို့အတွက် ကြာရှည်စွာရှိနေတဲ့ ပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။.

မကြာသေးမီက ဗီယက်နမ်နိုင်ငံမှ တရားမဝင် လူခိုးသွင်းသည့် လှေရောက်လာခြင်းဟာ ဒီခြိမ်းခြောက်မှု ပျောက်ကွယ်မသွားသေးကြောင်း အချိန်မီ သတိပေးချက်ပင် ဖြစ်ပါတယ်။။.

ဒီပုဂ္ဂိုလ်တွေကို လျှင်မြန်စွာပင် လိုက်လံရှာ၊ အကျဉ်းချထိန်းသိမ်းပြီး လာရာနေရပ်ကို ပြန်ပို့ခဲ့ပါတယ်။. မည်သူမျှ ဩစတြေးလျားနိုင်ငံတွင် အခြေမချရပါဘူး။.

ဒီလှေက မအောင်မြင်ခဲ့ပေမဲ့ တရားမဝင် လူခိုးသွင်းသူတွေဟာ အခြားသော ပျော့ကွက်၊ အားနည်းချက်ရှိသူများကို လှေပေါ်တက်ရေးအတွက် ဆွဲဆောင်ဖို့ ဒီလိုရောက်ရှိခြင်းကို ကြော်ငြာကဲ့သို့ အသုံးပြုနေကြပါတယ်။.

ရာဇဝတ်ကောင် လူခိုးသွင်းသူတွေကို နားမယောင်ကြပါနဲ့။.

ဩစတြေးလျားနိုင်ငံဟာ ဒီခြိမ်းခြောက်မှုကို တွန်းလှန်ဖို့အတွက် ရေကြောင်းနှင့် လေကြောင်းမှ စုံစမ်းထောက်လှမ်းသည့် ပစ္စည်းကိရိယာ အရင်းအမြစ်များကို သဏ္ဏိဋ္ဌာန်ချပြီး နောက်ထပ်အင်အား တိုးမြှင့်ချထားပါတယ်။.

တကယ်လို့ သင် ဩစတြေးလျားနိုင်ငံကို လှေဖြင့် တရားမဝင် လာဖို့ကြိုစားရင် သင် တားဆီးခံရမှာ ဖြစ်တယ်။.

ကျွန်ုပ်တို့ရဲ့ နယ်နိမိတ် ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေဟာ မပြောင်းလဲခဲ့သလို ပြောင်းလဲမှာလည်း မဟုတ်ဘူး။.

ကျွန်ုပ်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုနှင့် လုံခြုံမှုကို အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ .

ဒေသအတွင်း စိစစ်စစ်ဆေးမှုဆိုင်ရာ အစီအစဉ်များကို ဆက်လက် ဆောင်ရွက်နေမှာဖြစ်တယ်။ ဒေသဆိုင်ရာ စစ်ဆေးစိစစ်သည့်နေရာမှာ စိစစ်စစ်ဆေးခံရသူ မည်သူမျှ ဩစတြေးလျားနိုင်ငံတွင် အခြေချနေထိုင်ရမည် မဟုတ်ပါ။.

အချုပ်အခြာ အာဏာပိုင် နယ်နိမိတ် စစ်ဆင်ရေးကို တိုးမြှင့်အားဖြည့် ဆောင်ရွက်ခြင်းက တရားမဝင် လူ ခိုးသွင်းသူများနဲ့ သူတို့ရဲ့ လုပ်ငန်းမှာ ဝင်ပါမည့်သူတွေကို တင်းတင်းမာမာ သတိပေးလိုက်ခြင်းဖြစ်တ မိမိတို့ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ်ကို အကာအကွယ်ပေးဖို့၊ တရားမဝင် လူ ခိုးသွင်းသူတွေကို တွန်းလှန်ဖို့နှင့် ပင်လယ်အတွင်း သေဆုံးမှုတွေကို တားဆီးဖို့ သြစတြေးလျားနိုင်ငံ အစိုးရရဲ့ သန္နိဋ္ဌာန်ဟာ မကြုံစဘူး ပိုမို ခိုင်မာလျက် ရှိနေပါတယ်။.

သြစတြေးလျနိုင်ငံ၏ လှေ နောက်ကြောင်းပြန်လှည့်ခိုင်းသည့် မူဝါဒတွင် မည်သည့်ပြောင်းလဲချက်မျှ မရှိပါ

သြစတြေးလျားနိုင်ငံကို လှနဲ့ တရားမဝင် ခရီးသွားဖို့ကြိုးစားသူ ဘယ်သူဘဲဖြစ်ဖြစ် သူ့ကို ရှာဖွေတွေ့ရှိလိမ့်မှာဖြစ်ပြီး၊ ကြားဖြတ်တားဆီးခံရကာ၊ သြစတြေးလျားနိုင်ငံ ရပြင်ကနေ ဘးအန္တရာယ်ကင်းစွာ ဖယ်ရှားခံရပါလိမ့်မယ်။ ဒီစည်းမျဉ်းတွေဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဘာခြွင်းချက်မှ မရှိပါဘူး။