သြစတြေးလျနိုင်ငံ ပင်ပ

ဩစတြေးလျနိုင်ငံသည် ၎င်း၏ နယ်စပ်ဒေသ ကာကွယ်ရေးကို အခိုင်အမာ တိုးမြှင့်ဆောင်ရွက်ထားသည်။ ဩစတြေးလျနိုင်ငံသို့ လှေဖြင့် တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသူမှန်သမျှကို ထောက်လှမ်း၍ ကြားဖြတ်ဟန့်တားပြီး မဖြစ်မနေ နောက်ကြောင်းပြန်ပို့ပါမည်။

တရားမဝင် ပင်လယ်ရေကြောင်းမှ ဝင်ရောက်ခြင်းကို ပိတ်ပင်ထားဆီးရန် ဩစတြေးလျနိုင်ငံ၏ နယ်စပ်ဒေသများကို ပိတ်ဆို့ထားသည်။

ဩစတြေးလျနိုင်ငံသို့ ခွင့်ပြုချက်မရှိဘဲ ပင်လယ်ရေကြောင်းမှ ဝင်ရောက်ရန် ကြိုးပမ်းသူမှန်သမျှကို ၎င်းတို့ထွက်ခွာလာရာနေရာသို့ နောက်ကြောင်းပြန်ပို့ခြင်း၊ ၎င်းတို့၏ မူလနိုင်ငံသို့ ပြန်ပို့ခြင်း သို့မဟုတ် အခြားနိုင်ငံသို့ လွှဲပြောင်းပေးခြင်းတို့ကို လုပ်ဆောင်သွားမည် ဖြစ်သည်။

ဩစတြေးလျနိုင်ငံသို့ လှေဖြင့် တရားမဝင် ဝင်ရောက်သူမှန်သမျှကို ဩစတြေးလျနိုင်ငံသို့ ဝင်ရောက်ခွင့် သို့မဟုတ် နိုင်ငံတွင် ဆက်လက်နေထိုင်ခွင့်ပြုမည်မဟုတ်ပါ။

ဩစတြေးလျနိုင်ငံ၏ တင်းကျပ်သော နယ်စပ်ဒေသ ကာကွယ်ရေး မူဝါဒများသည် ဩစတြေးလျနိုင်ငံ၏ နယ်စပ်ဒေသများကို ကာကွယ်ရန်၊ လူမှောင်ခိုတင်သွင်းခြင်းကို တိုက်ဖျက်ရန်နှင့် ကမ်းမမြင် လမ်းမမြင် ပင်လယ်ပြင်ကျယ်ကို ဖြတ်၍ လှေဖြင့် အန္တရာယ်ရှိသော ပင်လယ်ရေကြောင်းမှ ဝင်ရောက်ရန် ကြိုးပမ်းသူများကို ဟန့်တားရန် စီစဉ်ရေးဆွဲထားခြင်း ဖြစ်သည်။

လူမှောင်ခိုကူးသူများ၏ အလိမ်အညာများကို မယုံပါနှင့်

လူမှောင်ခိုကူးသူများသည် လူများထံမှ ငွေကို ရရှိရန် ဩစတြေးလျနိုင်ငံတွင် အခြေချနေထိုင်နိုင်မည်ဟူသော မဟုတ်မမှန် ကတိစကားများကို အသုံးပြု၍ လူများ ယုံကြည်လာအောင် စည်းရုံးသိမ်းသွင်းပါသည်။ ၎င်းတို့၏ အလိမ်အညာများကို မယုံပါနှင့်။ လက်တွေ့မှာမူ ဩစတြေးလျနိုင်ငံသို့ လှေဖြင့် တရားမဝင် ဝင်ရောက်ရန်အတွက် လူမှောင်ခိုကူးသူများကို ငွေပေးသောသူမှန်သမျှသည် ၎င်းတို့ပေးချေထားသည့်အတိုင်း ဩစတြေးလျနိုင်ငံတွင် နေထိုင်ခွင့် ရရှိမည်မဟုတ်ပါ။

လူမှောင်ခိုကူးသူများသည် သင်၏ ဘေးကင်းလုံခြုံမှု သို့မဟုတ် သင့်အနာဂတ်ကို ဂရုစိုက်ခြင်းမရှိပါ။ ၎င်းတို့ စိတ်ဝင်စားသည်မှာ သင်၏ ပိုက်ဆံသာဖြစ်သည်။

တရားဥပဒေနှင့်အညီ ဘေးကင်းလုံခြုံမှုရှိစွာ နိုင်ငံအတွင်းသို့ ဝင်ရောက်ပါ

ဩစတြေးလျနိုင်ငံသို့ ဝင်ရောက်ခွင့်ရရှိမည့် တစ်ခုတည်းသော နည်းလမ်းမှာ ဩစတြေးလျ ဗီဇာဖြင့် ဝင်ရောက်ခြင်း ဖြစ်ပါသည်။

ဩစတြေးလျနိုင်ငံသို့ တရားဥပဒေနှင့်အညီ ဘေးကင်းလုံခြုံစွာ ဝင်ရောက်ရန်အတွက် သင်ရွေးချယ်နိုင်သော နည်းလမ်းများအကြောင်း ပိုမိုသိရှိရန် ပြည်ထဲရေး ဝန်ကြီးဌာန ဝဘ်ဆိုက် သို့ ဝင်ရောက်ကြည့်ရှုပါ။

ၾသစေၾတလ် နယ်စပ်ဒေသကို ခိုင်မာအောင်ပြုလုပ်ထားပါတယ်။

သြစတြေလျ နယ်စပ်ဒေသကို ခိုင်မာအောင်ပြုလုပ်ထားပါတယ်။

ဩစတြေးလျားနိုင်ငံ အစိုးရ၏ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ် စစ်ဆင်ရေး စတင်သည့်နေ့မှစပြီး ငါးနှစ်တာ ကာလအတွင်းမှာ ကျွန်ုပ်တို့ဟာ လှေများကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ပြီး ဩစတြေးလျားနိုင်ငံသို့ တရားမဝင် လူ ခိုးသွင်း တဲ့ ခြိမ်းခြောက်မှုကို နှိမ်နင်းခဲ့ပါတယ်။.

ဩစတြေးလျားနိုင်ငံ အာဏာပိုင်များဟာ လှေ ၃၃ စီးကို ကြားဖြတ်ထိပ်တိုက်တွေ့ပြီး လူပေါင်း ၈၂၇ ယောက်ကို သူတို့ထွက်ခွာလာရာနေရာသို့ ပြန်စေသည်သာမကဘဲ ဒေသအတွင်းမှ ကျွန်ုပ်တို့၏ မိတ်ဘက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ပြီး လူခိုးသွင်းသည့် စွန့်စားမှုပေါင်း ၇၀ ကျော်ကိုလည်း သူတို့ထွက်ခွာမလာမီအချိန်မှာ ပျက်ပြားအောင် လုပ်ခဲ့ပါတယ်။.

ရေကြောင်းခရီးမှ တရားမဝင် လူခိုးသွင်းခြင်းဟာ ဩစတြေးလျားနိုင်ငံ နယ်နိမိတ်များရဲ့ ဘေးအန္တရာယ်ကင်းရေးနှင့် လုံခြုံရေးတို့အတွက် ကြာရှည်စွာရှိနေတဲ့ ပြဿနာတစ်ရပ်အဖြစ် ဆက်လက်တည်ရှိနေပါတယ်။.

မကြာသေးမီက ဗီယက်နမ်နိုင်ငံမှ တရားမဝင် လူခိုးသွင်းသည့် လှေရောက်လာခြင်းဟာ ဒီခြိမ်းခြောက်မှု ပျောက်ကွယ်မသွားသေးကြောင်း အချိန်မီ သတိပေးချက်ပင် ဖြစ်ပါတယ်။။.

ဒီပုဂ္ဂိုလ်တွေကို လျှင်မြန်စွာပင် လိုက်လံရှာ၊ အကျဉ်းချထိန်းသိမ်းပြီး လာရာနေရပ်ကို ပြန်ပို့ခဲ့ပါတယ်။. မည်သူမျှ ဩစတြေးလျားနိုင်ငံတွင် အခြေမချရပါဘူး။.

ဒီလှေက မအောင်မြင်ခဲ့ပေမဲ့ တရားမဝင် လူခိုးသွင်းသူတွေဟာ အခြားသော ပျော့ကွက်၊ အားနည်းချက်ရှိသူများကို လှေပေါ်တက်ရေးအတွက် ဆွဲဆောင်ဖို့ ဒီလိုရောက်ရှိခြင်းကို ကြော်ငြာကဲ့သို့ အသုံးပြုနေကြပါတယ်။.

ရာဇဝတ်ကောင် လူခိုးသွင်းသူတွေကို နားမယောင်ကြပါနဲ့။.

ဩစတြေးလျားနိုင်ငံဟာ ဒီခြိမ်းခြောက်မှုကို တွန်းလှန်ဖို့အတွက် ရေကြောင်းနှင့် လေကြောင်းမှ စုံစမ်းထောက်လှမ်းသည့် ပစ္စည်းကိရိယာ အရင်းအမြစ်များကို သဏ္ဏိဋ္ဌာန်ချပြီး နောက်ထပ်အင်အား တိုးမြှင့်ချထားပါတယ်။.

တကယ်လို့ သင် ဩစတြေးလျားနိုင်ငံကို လှေဖြင့် တရားမဝင် လာဖို့ကြိုစားရင် သင် တားဆီးခံရမှာ ဖြစ်တယ်။.

ကျွန်ုပ်တို့ရဲ့ နယ်နိမိတ် ကာကွယ်ရေးဆိုင်ရာ မူဝါဒတွေဟာ မပြောင်းလဲခဲ့သလို ပြောင်းလဲမှာလည်း မဟုတ်ဘူး။.

ကျွန်ုပ်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်စိုးမှုနှင့် လုံခြုံမှုကို အထိအခိုက်ခံမှာ မဟုတ်ပါဘူး။ .

ဒေသအတွင်း စိစစ်စစ်ဆေးမှုဆိုင်ရာ အစီအစဉ်များကို ဆက်လက် ဆောင်ရွက်နေမှာဖြစ်တယ်။ ဒေသဆိုင်ရာ စစ်ဆေးစိစစ်သည့်နေရာမှာ စိစစ်စစ်ဆေးခံရသူ မည်သူမျှ ဩစတြေးလျားနိုင်ငံတွင် အခြေချနေထိုင်ရမည် မဟုတ်ပါ။.

အချုပ်အခြာ အာဏာပိုင် နယ်နိမိတ် စစ်ဆင်ရေးကို တိုးမြှင့်အားဖြည့် ဆောင်ရွက်ခြင်းက တရားမဝင် လူ ခိုးသွင်းသူများနဲ့ သူတို့ရဲ့ လုပ်ငန်းမှာ ဝင်ပါမည့်သူတွေကို တင်းတင်းမာမာ သတိပေးလိုက်ခြင်းဖြစ်တ မိမိတို့ အချုပ်အခြာ အာဏာပိုင် နယ်နိမိတ်ကို အကာအကွယ်ပေးဖို့၊ တရားမဝင် လူ ခိုးသွင်းသူတွေကို တွန်းလှန်ဖို့နှင့် ပင်လယ်အတွင်း သေဆုံးမှုတွေကို တားဆီးဖို့ သြစတြေးလျားနိုင်ငံ အစိုးရရဲ့ သန္နိဋ္ဌာန်ဟာ မကြုံစဘူး ပိုမို ခိုင်မာလျက် ရှိနေပါတယ်။.

ဩစတေးလျနိုင်ငံဟာ ၎င်းရဲ့ နယ်စပ်ဒေသ ကာကွယ်ရေးကို အခိုင်အမာ တိုးမြှင့်ဆောင်ရွက်ထားပါတယ်

ဩစတေးလျနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့၊ ရေတပ်နဲ့ လေတပ်တို့ဟာ ဩစတေးလျနိုင်ငံ ပိုင်နက်နားကို ချဉ်းကပ်လာတဲ့ မသင်္ကာဖွယ်ရာ သင်္ဘောမှန်သမျှကို ထောက်လှမ်းပြီး သေချာကြားဖြတ်ဟန့်တားနိုင်ဖို့အတွက် အင်အားကို တိုးမြှင့်ထားပါတယ်။

တရားမဝင် ပြောင်းရွှေ့လာမှုအတွက် သြစတြေးလျနိုင်ငံ နယ်စပ်များကို ပိတ်ထားပါသည်။

သြစတြေးလျနိုင်ငံ၏ နယ်စပ်များသည် သြစတြေးလျနိုင်ငံသို့ တရားမဝင် လာရောက်ရန် ကြိုးစားမည့် မည်သူမဆို အတွက် ပိတ်နေပါသည်၊ ဆက်လက်၍ ပိတ်နေပါလိမ့်မည်။

သြစတြေးလျနိုင်ငံသို့ နောက်ဆုံး လူခိုးသွင်းသောလှေ ဆိုက်ရောက်ကတည်း ကဆိုလျှင် သုံးနှစ်ရှိပြီး ကျွန်ုပ်တို့၏ နယ်စပ်များသည် ယခင်ကရှိခဲ့ဘူးသည်ထက် ပိုမို၍ ခိုင်မာလျက်ရှိသည်။

သြစတြေးလျနိုင်ငံသို့ တရားမဝင် လှေဖြင့် ဆိုက်ရောက်ရန် ကြိုးစားမည့် မည်သူမဆိုသည် နောက်ကြောင်းပြန်လှည့်ခိုင်းခံရပါမည် သို့မဟုတ် မိမိတို့၏ အမိနိုင်ငံသို့ ပြန်ပို့ခံရပါမည်။

လူခိုးသွင်းသူများ၏ အလိမ်အညာကို မခံကြပါနှင့်။ သူတို့သည် သင့် ငွေကြေးကိုရယူရန် အမျိုးမျိုးပြောပါလိမ့်မည်။

သြစတြေးလျနိုင်ငံသို့ တရားမဝင် ဆိုက်ရောက်ရန် ကြိုးစားခြင်းအားဖြင့် မည်သည့် ငွေရေးကြေးရေး အကျိုးကျေးဇူးမျှ ရှိမည် မဟုတ်ပါ။

အမေရိကန်ပြည်ထောင်စုနှင့် ကျွန်ုပ်တို့၏ အစီအမံသည် တစ်ခါတည်း အတွက်သာဖြစ်ပြီး မည်သည့်အခါမျှ ထပ်မံလုပ်မည် မဟုတ်ပါ။

ဒေသတွင်း လျှောက်လွှာစိစစ်ရေး နိုင်ငံများရှိ မည်သူမျှ သြစတြေးလျနိုင်ငံ၌ မည်သည့်အခါမျှ ပြန်လည်အခြေချခံရမည် မဟုတ်ပါ။

သြစတြေးလျနိုင်ငံသို့ လှေဖြင့် တရားမဝင် ဆိုက်ရောက်ရန် ကြိုးစားခြင်းသည် အချည်းနှီးဖြစ်ပြီး အလွန့်အလွန် အန္တရာယ်များသည်။

သင်သည် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရပါမည်။

သြစတြေးလျနိုင်ငံ၏ လှေ နောက်ကြောင်းပြန်လှည့်ခိုင်းသည့် မူဝါဒတွင် မည်သည့်ပြောင်းလဲချက်မျှ မရှိပါ

သြစတြေးလျားနိုင်ငံကို လှနဲ့ တရားမဝင် ခရီးသွားဖို့ကြိုးစားသူ ဘယ်သူဘဲဖြစ်ဖြစ် သူ့ကို ရှာဖွေတွေ့ရှိလိမ့်မှာဖြစ်ပြီး၊ ကြားဖြတ်တားဆီးခံရကာ၊ သြစတြေးလျားနိုင်ငံ ရပြင်ကနေ ဘးအန္တရာယ်ကင်းစွာ ဖယ်ရှားခံရပါလိမ့်မယ်။ ဒီစည်းမျဉ်းတွေဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။ ဘာခြွင်းချက်မှ မရှိပါဘူး။