သြစတြေးလျအစိုးရဟာ သြစတြေးလျနိုင်ငံရဲ့ နယ်စပ်တွေကို ကာကွယ်ဖို့၊ လူခိုးသွင်းမှုတွေကို တွန်းလှန်ဖို့နဲ့ အရေးကြီးဆုံးက ပင်လယ်ပြင်မှာ အသက်ဘေးအန္တရာယ်မှ ဟန့်တားပေးဖို့အတွက် တာဝန်ယူထားပါတယ်။
အချုပ်အခြာအာဏာ စိုးမိုးတဲ့ နယ်စပ် စီမံချက်ဟာ စစ်တပ်-ဦးဆောင်တဲ့ နယ်စပ် လုံခြုံရေး စီမံချက်ဖြစ်တယ်၊ ဒီတာဝန်ကို ထမ်းဆောင်ဖို့ ၂၀၁၃ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။
သြစတြေးလျနိုင်ငံသို့ ဝင်လာမယ့်နည်းလမ်း တစ်ခုတည်းရှိပါတယ် — အဲ့ဒါကတော့ တရားဝင် သြစတြေးလျနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာပါဘဲ။
သြစတြေးလျနိုင်ငံသို့ ဘေးကင်းပြီး တရားဝင် လာဖို့အတွက် နည်းလမ်းတွေအကြောင်းကို ဝက်ဘ်ဆိုက်- ရွှေ့ပြောင်းအခြေချရေးနှင့် နိုင်ငံသားဖြစ်မှု မှာ ပိုမိုသိရှိနိုင်ပါတယ်။